မြန်မာဘာသာဖြင့်ထုတ်ဝေသော နည်းပညာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထု၊ အွန်လိုင်းစာအုပ်များအားမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 24, 2016

မြန်မာစာအုပ်ပေါင်း (၃၀၀၀) ကျော်





လေးစားအပ်သော မိတ်ဆွေများခင်ဗျာ...

ကျွန်တော်ဟာ မြန်မာပြည်သားအားလုံးအတွက် စာကြည့်တိုက်တစ်ခုကို ကြိုးစား အားထုတ်နေသည်မှာ ကာလ အတော်ကြာနေခဲ့ပြီ ဖြစ်ပါတယ်။ ၀က်ဆိုက် နည်းပညာများကို နကန်းတစ်လုံးမှ မတတ်သော ကျွန်ုပ်အဖို့ တော်တော်လေး အခက်အခဲ ကြုံတွေ့ခဲ့ရပါတယ်။ အခုနောက်ဆုံး ကြံရာမရသည့် အဆုံးတွင် www.medi afire.com တွင် တစ်နှစ်စာ ၀ယ်ယူ၍ အသစ်ပြန်လည် တင်ပေးလိုက်ပါတယ်။ အဲဒီဆိုက်မှာက free အကောင့်လဲ ဖွင့်လို့ရပါတယ်။ ဒါပေမယ့် အခုတင်ထားတဲ့ မြန်မာစာအုပ်များ ရေရှည် တည်တန့်ပါစေခြင်း အကျိုးငှာ ၀ယ်လိုက်ရခြင်း ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ကို လုပ်ရတာ တော်တော်လေးကို ပင်ပန်းလှပါတယ်။ ဘာပဲဖြစ်ဖြစ် ပင်ပန်းရကျိုး နပ်ပါတယ်။

နောက်တစ်ခု ပြောဆိုလိုသည်မှာ ဒီမှာတင်ထားတဲ့ စာအုပ်များသည် အွန်လိုင်းမှာ ရှေးမဆွကပင် ဖရီး မျှဝေထားသော စာအုပ်များဖြစ်ပါသည်။ ထိုစာအုပ်များကို စကားဝါမြေအွန်လိုင်း စာကြည့်တိုက်နှင့် ဘားမိကလပ်စစ် ၀က်ဆိုက်များမှ အများအားဖြင့် ဒေါင်းလော့ လုပ်ယူထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ထိုဝက်ဆိုက်များအား၎င်း စာအုပ်များကို ပြုလုပ်မျှဝေ ပေးထားသော အခြားဝက်ဆိုက်များ အားလုံးကို၎င်း ကျေးဇူး အထူးတင်ရှိပါကြောင်း ဒီနေရာလေးမှ ပြောကြားလိုပါတယ်။

စာအုပ်များအားလုံးကို တတ်နိုင်သလောက် စာရေးဆရာ အမည်များနှင့် ခွဲခြားတင်ပေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လိုအပ်ချက်များ ရှိနေပါသေးတယ်။ ဒါကြောင့် စာအုပ်ရှာဖွေသော အခါတွင် အခက်အခဲများ ရှိနိုင်ပါတယ်။ စာရေးဆရာ အမည်များတွင် မပါဝင်သော စာအုပ်များကို ဘာသာရေး ၊ ပုံပြင် စသည်ဖြင့် အမျိုးအစား ခွဲခြားထားပါတယ်။ အဆင်ပြေတယ် အဆင်မပြေဘူး ကော်မန့်လေးတစ်ကြောင်းလောက် ပြောကြားပေးစေလိုပါတယ်။... နောင်လဲ စာအုပ်များကို ဆက်လက် အပ်ပဒိတ် ထပ်ဖြည့် တင်ပေးနေပါမည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(မှတ်ချက် - ကျေးဇူးပြု၍ ဒေါင်းလော့လင့်များကို ဒါရိုက်ချိတ်ဆက်၍ မိမိတို့ ဘလော့ စာမျက်နှာများတွင် မမျှဝေကြပါရန် မေတ္တာရပ်ခံပါသည်)

အားလုံးကို ခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Originally published at - http://www.heintinzaw.com/




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

2 comments:

  1. အခက်အခဲမရှိပါ
    ပြန်မျှဝေပါရစေ

    ဇေယျသိင်္ဂီ ဆရာတော်

    ReplyDelete