မြန်မာဘာသာဖြင့်ထုတ်ဝေသော နည်းပညာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထု၊ အွန်လိုင်းစာအုပ်များအားမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label မြန်မာစာအုပ်များ. Show all posts
Showing posts with label မြန်မာစာအုပ်များ. Show all posts

Tuesday, August 30, 2016

မိုဘိုင်းဖုန်းမျိုးစုံ Firmware ပြုပြင်ရေးသားနည်း




ယခု စာအုပ်သည် ပြသနာများ အတွက် ကွက်လပ် အားလုံးကို မဖြည့်စွက်နိုင် ငြားသော်လည်း Firmware ရေးသားသည့် အခါတွင် လိုက်နာ ရမည့် ရှောင်ရန်၊ ဆောင်ရန် အချက်များ၊ အသေးစိပ် အခြင်း အရာများ၊ Internet မှ Firmware ရှာဖွေ Download ပြုလုပ်ခြင်းများ ကိုပါ အသေးစိပ် ရေးသား ထားသည့် အတွက် မိမိဖုန်းကို မိမိ ပြင်
ဆင် မည့် သူများ၊ ဖုန်းသင်တန်း တက်ရောက် ပြီးစီး ထားသော်လည်း လက်တွေ့ အခြေခံ မပိုင်နိုင်သူများ၊ အခြေခံ မရှိသော် လည်း လက်တွေ့ အသုံးချ ပညာရပ် တစ်ခု
အဖြစ် တစ်စိုက် မတ်မတ် အသက်မွေး ၀မ်းကျောင်း ပြုလုပ် သူများ အတွက် အထူး သင့်လျော် စေမည်ဟု ယူဆ ပါသည်။

ယခု စာအုပ်တွင် Samsung, Sony, Huawei, Lenovo, Coolpad, LG, Oppo နှင့် Xaoimi ဖုန်းအမျိုးအစား များ၏Firmware ပြန်လည် ရေးသားပုံ တို့ကို အသေးစိပ် ဖော်ပြ ရှင်းလင်း ထားပါသည်။

အထက်ပါ ဖုန်းအမျိုးအစား ၈ မျိုးနှင့် တကွ အခြားသော ဖုန်းများ ဖြစ်သည့် Vivo, Alcatel စသော ဖုန်းများ၏ Firmware ရေးသားပုံ တို့ကိုလည်း ယခုနည်း စနစ်များ ကိုသာ ပိုင်နိုင်ပါက လွယ်ကူစွာ ပြန်လည် ရေးသားနိုင် စေမည်ဖြစ်သည်။

ရေးသူ - ရဲမင်းအောင် (RAY - Electronics)
ထုတ်ဝေ - မျက်ပွင့်စာပေ

ဒီနေရာမှာ နှိပ်ပြီး ဒေါင်းယူပါ

Ray Marm Aung RAY- Myanmar Update News Agency

Originally published at - https://www.facebook.com/Telecomtechnicaltraining/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, June 1, 2016

ပိဋကတ် သုံးပုံ ပါဠိ အဋ္ဌကထာဋီကာ (Android) နှင့် ပါဠိ အဋ္ဌကထာ PDF စာအုပ် (၅၀) အုပ်




ပိဋကတ်သုံးပုံ ပါဠိ အဋ္ဌကထာ ဋီကာ ကို လေ့လာ လိုသူများ ဘာသာ စကား လေးမျိုးနဲ့ ဖတ်ရှု နိုင်ပါတယ်။

How to install
====@@@====

  • CSPitaka.apk ကို အရင် Install လုပ်ပါ...
  • ဒေါင်းယူထားတဲ့ ပိဋကတ် (၃ပုံ) ပါဠိ အဋ္ဌကထာ ဋီကာ. Zip ဖိုင်လ်ကို ဖြည်လိုက်ပါ.. (အထဲမှာ CSP Folder ၆ ခု ပါပါတယ်)
  • My File မှတဆင့် CSP Folder ၆ ခု စလုံးကို SD Card > CSP Folder ထဲကို Copy ကူးထည့် ပေးလိုက်ပါ။
  • ဖိုင်ခွဲပြီးတင်ပေး ထားပါတယ်..
  • Part (1) , Part (2) ၂ ဖိုင်လ်ပါ.. ( Folder တခုထဲမှာ ထားပြီး Rar ဖိုင်ကို ဖြည်ပါ)

Download (part (1) Download Part (2)

ပါဠိ အဋ္ဌကထာ PDF စာအုပ် (၅၀) အုပ်

(၁) ပါရာဇိကဏ် အဋ္ဌကထာ (ပထမအုပ်)
(၂) ပါရာဇိကဏ် အဋ္ဌကထာ (ဒုတိယအုပ်)
(၃) ပါစိတျာဒိ အဋ္ဌကထာ (မဟာဝါ-ပါဝင်သည်)
(၄) စူဠ၀ဂ္ဂါဒိ အဋ္ဌကထာ (ပရိဝါ-ပါဝင်သည်)
(၅) ကင်္ခါဝိတရဏီ အဋ္ဌကထာ
(၆) ၀ိနယသင်္ဂဟ အဋ္ဌကထာ
(၇) သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာ
(၈) မဟာဝဂ္ဂ အဋ္ဌကထာ
(၉) ပါထက၀ဂ္ဂ အဋ္ဌကထာ
(၁၀) မူလပဏ္ဏာသ အဋ္ဌကထာ (ပထမအုပ်)
(၁၁) မူလပဏ္ဏာသ အဋ္ဌကထာ (ဒုတိယအုပ်)
(၁၂) မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ
(၁၃) ဥပရိပဏ္ဏာသ အဋ္ဌကထာ
(၁၄) သံယုတ် အဋ္ဌကထာ (ပထမအုပ်)
(၁၅) သံယုတ် အဋ္ဌကထာ (ဒုတိယအုပ်)
(၁၆) သံယုတ် အဋ္ဌကထာ (တတိယအုပ်)
(၁၇) အဂ်င်္ုတ္တိုရ် အဋ္ဌကထာ (ပထမအုပ်)
(၁ဂ) အင်္ဂုတ္တိုရ် အဋ္ဌကထာ (ဒုတိယအုပ်)
(၁၉) အင်္ဂုတ္တိုရ် အဋ္ဌကထာ (တတိယအုပ်)
(၂၀) ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ (ပထမအုပ်)
(၂၁) ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ (ဒုတိယအုပ်)
(၂၂) ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ (ပထမအုပ်)
(၂၃) ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ (ဒုတိယအုပ်)
(၂၄) ခုဒ္ဒက အဋ္ဌကထာ
(၂၅) ဓမ္မပဒ အဋ္ဌကထာ (ပထမအုပ်)
(၂၆) ဓမ္မပဒ အဋ္ဌကထာ (ဒုတိယအုပ်)
(၂၇) ဥဒါန အဋ္ဌကထာ
(၂၈) ဣတိဝုတ္တ အဋ္ဌကထာ
(၂၉) သုတ္တနိပါတ အဋ္ဌကထာ (ပထမအုပ်)
(၃၀) သုတ္တနိပါတ အဋ္ဌကထာ (ဒုတိယအုပ်)
(၃၁) ၀ိမာန၀တ္ထု အဋ္ဌကထာ
(၃၂) ပေတ၀တ္ထု အဋ္ဌကထာ
(၃၃) ထေရဂါထာ အဋ္ဌကထာ (ပထမအုပ်)
(၃၄) ထေရဂါထာ အဋ္ဌကထာ (ဒုတိယအုပ်)
(၃၅) ထေရီဂါထာ အဋ္ဌကထာ
(၃၆) ထေရအပါဒါန် အဋ္ဌကထာ
(၃၇) ထေရီအပါဒါန် အဋ္ဌကထာ
(၃၈) ဗုဒ္ဓ၀ံသ အဋ္ဌကထာ
(၃၉) စရိယာပိဋက အဋ္ဌကထာ
(၄၀) ဇာတက အဋ္ဌကထာ (ပထမအုပ်)
(၄၁) ဇာတက အဋ္ဌကထာ (ဒုတိယအုပ်)
(၄၂) ဇာတက အဋ္ဌကထာ (တတိယအုပ်)
(၄၃) ဇာတက အဋ္ဌကထာ (စတုတ္ထအုပ်)
(၄၄) ဇာတက အဋ္ဌကထာ (ပဉ္စမအုပ်)
(၄၅) ဇာတက အဋ္ဌကထာ (ဆဋ္ဌမအုပ်)
(၄၆) ဇာတက အဋ္ဌကထာ (သတ္တမအုပ်)
(၄၇) မဟာနိဒ္ဒေသ အဋ္ဌကထာ
(၄၈) စူဠနိဒ္ဒေသ အဋ္ဌကထာ
(၄၉) အဋ္ဌသာလိနီ အဋ္ဌကထာ
(၅၀) သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ


PDF Link : အရှင်ပါမောက္ခ

Originally published at - http://www.kbrl.gov.mm/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, March 28, 2016

တစ်ထောင့်တစ်ည ပြောရသော ပသီပုံပြင် ဝတ္ထုကြီး




အာရေဘီရန်နိုက်လို့ ခေါ်တဲ့ တစ်ထောင့် တစ်ည ပုံပြင်ကို ဘာသာပြန်တဲ့ အထဲမှာ ဦးဖိုးသာဇံ (ခေါ်) ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်ရယ်၊ သခင် ဘသောင်းရယ်၊ ဆရာ ကျော်လှိုင်ဦးရယ် သုံးဦး ရှိတယ် မှတ်ပါတယ်။

ဆရာကြီး သခင်ဘသောင်း ဘာသာပြန်တဲ့ တစ်ထောင့် တစ်ညကို ဖတ်ဖူး ခဲ့တယ်။ ဘာသာပြန် လက်ရာ အလွန်ကောင်းတဲ့ အတွက် မှတ်မှတ် ရရ ရှိဖူးတယ်။

ဆရာကျော်လှိုင်ဦး ဘာသာပြန်တဲ့ တစ်ထောင့် တစ်ည ကတော့ စာအုပ်အရေ အတွက် များတဲ့ အတွက် ဖတ်ဖို့ မဝံ့ရဲသေးတာနဲ့ မဖတ်ဖူးသေး။

အခု ... ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် ဘာသာပြန်တဲ့ တစ်ထောင့်တစ်ည ကိုတော့ စာစီ စာရိုက်ပေးသူ မသန်းသန်းနိုင် ကျေးဇူးကြောင့် ပီဒီအက် လုပ်ရင်း ဖတ်ရပါပြီ။

ဘယ်လို ကွာခြားသလဲဆိုရင် ...

ဆရာကြီးသခင်ဘသောင်း ဘာသာပြန်တုန်းက ပုံပြင်တွေကို ရွေးနုတ်ပြီး လက်ရွေးစင် အနေနဲ့ ဘာသာပြန် ခဲ့ပါတယ်။ အခု ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်လဲပဲ ပုံပြင်တွေကို ရွေးနုတ်ပြီး လက်ရွေးစင် အနေနဲ့ ဘာသာပြန် ပါတယ်။

ပုံပြင်တွေ မတူကြပါဘူး။ ဘယ်သူက ပိုပြီး စောသလဲ ရှေးကျသလဲ ဆိုရင် ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်က ပိုပြီး ရှေးကျ ပါတယ်။

ဒီဆရာကြီးဟာ ရှေးခေတ်ဦး ရုပ်ရှင်မင်းသားကြီး ဒဂုဏ်ပ ဦးဘတင်ရဲ့ ဖခင်ကြီး ဖြစ်သလို၊ ပညာရှင်ကြီး တစ်ဦးလဲ ဖြစ်ပါတယ်။ သေသပ်ချောမောတဲ့ ဘာသာပြန်ချက်တွေ၊ ယဉ်ကျေးသိမ်မွေ့တဲ့ ထီးဟန်နန်းဟန် အသုံးအနှုန်းတွေ၊ အာရေဘီရန်နိုက်ကို ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာပြည်သားတွေ လက်ထဲ ဘယ်လို ထည့်ပေး သလဲ ဆိုတာ ဒီစာအုပ်ကို ဖတ်ကြည့်ရင် တွေ့ရ ပါလိမ့်မယ်။

ဆရာကြီး ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်ကို လက်ဖျား ခါပါတယ် တစ်ချက် တစ်ချက် ဘာသာပြန်ရင်း မထင်ရင် မထင်သလို ပါဠိတွေတောင် ရွတ်လိုက်ဖတ်လိုက်သေး။

▼ pc.cold.com ▼
OR
▼ mediafire.com ▼

By : Nyisay Myanmar Ebook Creator

Originally published at - https://www.facebook.com/NyisayEbookCreator/




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Thursday, March 17, 2016

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားထားတဲ့ "Freedom From Fear" မြန်မာဘာသာပြန်




အားလုံးပဲ အရမ်း ဖတ်ချင်နေ ကြတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လူထု ခေါင်းဆောင် ကမ္ဘာက အသိအမှတ်ပြု အမျိုးသမီး တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ရေးသား ထားတဲ့ " Freedom From Fear " ဆို တဲ့ စာအုပ်ကို မြန်မာ ဘာသာ ပြန်ပြီး တင်ပေးထား ပါတယ်ဗျာ။

အရမ်းကို တန်ဖိုး ရှိပြီး ဗဟုသုတ ကောင်းများစွာ ရရှိနိုင်မယ့် စာအုပ် တစ်အုပ် ဖြစ်ပါတယ်


Aung San Suu Kyi Freedom From Fear




Read More »

Wednesday, February 24, 2016

မြန်မာစာအုပ်ပေါင်း (၃၀၀၀) ကျော်





လေးစားအပ်သော မိတ်ဆွေများခင်ဗျာ...

ကျွန်တော်ဟာ မြန်မာပြည်သားအားလုံးအတွက် စာကြည့်တိုက်တစ်ခုကို ကြိုးစား အားထုတ်နေသည်မှာ ကာလ အတော်ကြာနေခဲ့ပြီ ဖြစ်ပါတယ်။ ၀က်ဆိုက် နည်းပညာများကို နကန်းတစ်လုံးမှ မတတ်သော ကျွန်ုပ်အဖို့ တော်တော်လေး အခက်အခဲ ကြုံတွေ့ခဲ့ရပါတယ်။ အခုနောက်ဆုံး ကြံရာမရသည့် အဆုံးတွင် www.medi afire.com တွင် တစ်နှစ်စာ ၀ယ်ယူ၍ အသစ်ပြန်လည် တင်ပေးလိုက်ပါတယ်။ အဲဒီဆိုက်မှာက free အကောင့်လဲ ဖွင့်လို့ရပါတယ်။ ဒါပေမယ့် အခုတင်ထားတဲ့ မြန်မာစာအုပ်များ ရေရှည် တည်တန့်ပါစေခြင်း အကျိုးငှာ ၀ယ်လိုက်ရခြင်း ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ကို လုပ်ရတာ တော်တော်လေးကို ပင်ပန်းလှပါတယ်။ ဘာပဲဖြစ်ဖြစ် ပင်ပန်းရကျိုး နပ်ပါတယ်။

နောက်တစ်ခု ပြောဆိုလိုသည်မှာ ဒီမှာတင်ထားတဲ့ စာအုပ်များသည် အွန်လိုင်းမှာ ရှေးမဆွကပင် ဖရီး မျှဝေထားသော စာအုပ်များဖြစ်ပါသည်။ ထိုစာအုပ်များကို စကားဝါမြေအွန်လိုင်း စာကြည့်တိုက်နှင့် ဘားမိကလပ်စစ် ၀က်ဆိုက်များမှ အများအားဖြင့် ဒေါင်းလော့ လုပ်ယူထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ထိုဝက်ဆိုက်များအား၎င်း စာအုပ်များကို ပြုလုပ်မျှဝေ ပေးထားသော အခြားဝက်ဆိုက်များ အားလုံးကို၎င်း ကျေးဇူး အထူးတင်ရှိပါကြောင်း ဒီနေရာလေးမှ ပြောကြားလိုပါတယ်။

စာအုပ်များအားလုံးကို တတ်နိုင်သလောက် စာရေးဆရာ အမည်များနှင့် ခွဲခြားတင်ပေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လိုအပ်ချက်များ ရှိနေပါသေးတယ်။ ဒါကြောင့် စာအုပ်ရှာဖွေသော အခါတွင် အခက်အခဲများ ရှိနိုင်ပါတယ်။ စာရေးဆရာ အမည်များတွင် မပါဝင်သော စာအုပ်များကို ဘာသာရေး ၊ ပုံပြင် စသည်ဖြင့် အမျိုးအစား ခွဲခြားထားပါတယ်။ အဆင်ပြေတယ် အဆင်မပြေဘူး ကော်မန့်လေးတစ်ကြောင်းလောက် ပြောကြားပေးစေလိုပါတယ်။... နောင်လဲ စာအုပ်များကို ဆက်လက် အပ်ပဒိတ် ထပ်ဖြည့် တင်ပေးနေပါမည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(မှတ်ချက် - ကျေးဇူးပြု၍ ဒေါင်းလော့လင့်များကို ဒါရိုက်ချိတ်ဆက်၍ မိမိတို့ ဘလော့ စာမျက်နှာများတွင် မမျှဝေကြပါရန် မေတ္တာရပ်ခံပါသည်)

အားလုံးကို ခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Originally published at - http://www.heintinzaw.com/




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »