မြန်မာဘာသာဖြင့်ထုတ်ဝေသော နည်းပညာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထု၊ အွန်လိုင်းစာအုပ်များအားမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 28, 2016

တစ်ထောင့်တစ်ည ပြောရသော ပသီပုံပြင် ဝတ္ထုကြီး




အာရေဘီရန်နိုက်လို့ ခေါ်တဲ့ တစ်ထောင့် တစ်ည ပုံပြင်ကို ဘာသာပြန်တဲ့ အထဲမှာ ဦးဖိုးသာဇံ (ခေါ်) ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်ရယ်၊ သခင် ဘသောင်းရယ်၊ ဆရာ ကျော်လှိုင်ဦးရယ် သုံးဦး ရှိတယ် မှတ်ပါတယ်။

ဆရာကြီး သခင်ဘသောင်း ဘာသာပြန်တဲ့ တစ်ထောင့် တစ်ညကို ဖတ်ဖူး ခဲ့တယ်။ ဘာသာပြန် လက်ရာ အလွန်ကောင်းတဲ့ အတွက် မှတ်မှတ် ရရ ရှိဖူးတယ်။

ဆရာကျော်လှိုင်ဦး ဘာသာပြန်တဲ့ တစ်ထောင့် တစ်ည ကတော့ စာအုပ်အရေ အတွက် များတဲ့ အတွက် ဖတ်ဖို့ မဝံ့ရဲသေးတာနဲ့ မဖတ်ဖူးသေး။

အခု ... ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် ဘာသာပြန်တဲ့ တစ်ထောင့်တစ်ည ကိုတော့ စာစီ စာရိုက်ပေးသူ မသန်းသန်းနိုင် ကျေးဇူးကြောင့် ပီဒီအက် လုပ်ရင်း ဖတ်ရပါပြီ။

ဘယ်လို ကွာခြားသလဲဆိုရင် ...

ဆရာကြီးသခင်ဘသောင်း ဘာသာပြန်တုန်းက ပုံပြင်တွေကို ရွေးနုတ်ပြီး လက်ရွေးစင် အနေနဲ့ ဘာသာပြန် ခဲ့ပါတယ်။ အခု ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်လဲပဲ ပုံပြင်တွေကို ရွေးနုတ်ပြီး လက်ရွေးစင် အနေနဲ့ ဘာသာပြန် ပါတယ်။

ပုံပြင်တွေ မတူကြပါဘူး။ ဘယ်သူက ပိုပြီး စောသလဲ ရှေးကျသလဲ ဆိုရင် ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်က ပိုပြီး ရှေးကျ ပါတယ်။

ဒီဆရာကြီးဟာ ရှေးခေတ်ဦး ရုပ်ရှင်မင်းသားကြီး ဒဂုဏ်ပ ဦးဘတင်ရဲ့ ဖခင်ကြီး ဖြစ်သလို၊ ပညာရှင်ကြီး တစ်ဦးလဲ ဖြစ်ပါတယ်။ သေသပ်ချောမောတဲ့ ဘာသာပြန်ချက်တွေ၊ ယဉ်ကျေးသိမ်မွေ့တဲ့ ထီးဟန်နန်းဟန် အသုံးအနှုန်းတွေ၊ အာရေဘီရန်နိုက်ကို ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာပြည်သားတွေ လက်ထဲ ဘယ်လို ထည့်ပေး သလဲ ဆိုတာ ဒီစာအုပ်ကို ဖတ်ကြည့်ရင် တွေ့ရ ပါလိမ့်မယ်။

ဆရာကြီး ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်ကို လက်ဖျား ခါပါတယ် တစ်ချက် တစ်ချက် ဘာသာပြန်ရင်း မထင်ရင် မထင်သလို ပါဠိတွေတောင် ရွတ်လိုက်ဖတ်လိုက်သေး။

pc.cold.com
OR
mediafire.com

By : Nyisay Myanmar Ebook Creator

Originally published at - https://www.facebook.com/NyisayEbookCreator/




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments:

Post a Comment